Saturday, March 6, 2021
Zawgyi:
Unicode:
အမေရိကန် အနေနဲ့ သီတဂူဆရာတော်ကို ဆန်ရှင်လုပ်သင့်ပြီ
စစ်တပ် အာဏာသိမ်းတာကို မြန်မာလူထုက အကြီးအကျယ် ဆန့်ကျင်နေချိန်မှာ နိုင်ငံတကာနဲ့ အနောက်နိုင်ငံ အင်အားစုတွေကလည်း အာဏာကို စွန့်လွှတ်ဖို့ အပြင်းအထန် ဖိအားပေးနေပြီ ဖြစ်ပါသည်။
အမေရိကန် အစိုးရ အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို သူ့ရဲ့ ဆန်ရှင် (Sanction- စီးပွားရေး ပိတ်ဆို့မှု) စာရင်းထဲ ထည့်လိုက်ပြီ ဖြစ်သည်။
The RAW မှ ထပ်မံ စုံစမ်း သိရှိရသည်မှာ အာဏာသိမ်းခြင်းအား ဘေးမှ အားပေး၊ အားမြှောက် လုပ်ခဲ့သူများ၊ အကြံပြုခဲ့သူများကိုလည်း အမေရိကန်က အထူးစောင့်ကြည့်နေကြောင်းပင် ဖြစ်သည်။
ထိုအထဲတွင် မြန်မာပြည်မှ နာမည်ကြီး ဆရာတော် သီတဂူလည်း ပါဝင်သည်ဟု RAW မှ စုံစမ်း သိရှိရသည်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် အာဏာမသိမ်းခင် အချိန်တွင် သူကိုးကွယ် သော ဆရာတော်အချို့ကို တိုင်ပင်ခဲ့ရာတွင် သီတဂူဆရာတော်လည်း တပါး အပါအဝင်ဟု သိရသည်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က သွေးမြေ မကျအောင် သိမ်းပြမည်ဟု ဆိုသော ကြောင့် သီတဂူက ထောက်ခံအားပေးခဲ့သည်ဟု RAW မှ စုံစမ်း သိရှိရပေ သည်။
(ထိုအကြောင်းကို ဖော်ပြခဲ့ပြီး ဖြစ်သည့် အပြင် ပြည်တော်ပြန်အချို့ ဖြစ်သော ဒေါက်တာ မင်းဇော်ဦး၊ ဦးအောင်နိုင်ဦး၊ ဦးအောင်သူငြိမ်း၊ ဦးညိုအုန်းမြင့်၊ ဒေါက်တာ ဆလိုင်း ငွန်ကျုံးလျန်နှင့် ဦးမင်းဇင်တို့၏ နောက်ကွယ်မှ ပါဝင် ပတ်သက်မှုများကို RAW မှ ရေးသားခဲ့ပြီး ဖြစ်သည်။)
သီတဂူဆရာတော်က တပ်၏ ထောက်ခံမှု၊ အားပေးမှုနှင့် လှူဒါန်းမှုများကို ရရှိခဲ့သော နာမည်ကြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တပါးဖြစ်ပြီး နိုင်ငံတကာ ကလည်း လက်ခံခဲ့သော၊ ဝင်ဆံ့သော ဆရာတော်ကြီး တပါး ဖြစ်သည်။
ထိုဆရာတော်သည် ရှစ်လေးလုံး အရေးတော်ပုံတွင် ပါဝင်ခဲ့သဖြင့် ထောက်လှမ်းရေး ဖမ်းဖို့ ကြိုးစားစဉ် မင်းကွန်းဆရာတော်ကြီး ဦးဝိစိတ္တသာရက ရှင်ဉာဏိဿရကို မဖမ်းဆီးရန် ကယ်တင်ခဲ့သဖြင့် သီတဂူဆိုကာ ယခုကဲ့သို့ အခြေတင့်နေခြင်းဖြစ်ပြီး လာဘ်ပသကာ ပေါသဖြင့် အင်္ဂလန်နိုင်ငံလုပ် ဘန်တလေ အမျိုးအစား ဇိမ်ကားကို စီးနိုင်သူဖြစ်လာသည်။
သို့သော် သီတဂူဆရာတော်သည် ထိုကျေးဇူးတရားကိုမျှ မထောက်ထားဘဲ စစ်တပ်တရားများဟောကြားခြင်း၊ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲခိုးလေဟန် ဟောကြားခြင်းဖြင့် လူထုအား ကျေးဇူးဆပ်ခဲ့သည်။
ယခုအခါ ဆရာတော်၏ အာဏာသိမ်းမှုကို ထောက်ခံမှုကြောင့် ပြည်တွင်း၊ ပြည်ပတွင် ဆရာတော်ကြီး၏ ဩဇာများ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်ကို တွေ့ရသည်။
ယခု လမ်းပေါ်တွင် နေ့စဉ် စစ်တပ်နှင့်ရဲမှ ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ်မှုများကို မြင်ရ ကြားရသော အခါ သီတဂူအပါအဝင် အချို့သော ဆရာတော်များ၊ သံဃာတော်များ အထူးစိုးရိမ် ထိတ်လန့်နေကြောင်းလည်း သိရသည်။
ထိုသို့ တပ်မတော်ကို ထောက်ခံသော၊ မတရား အာဏာသိမ်းခြင်းကို လက်ခံကြိုဆိုခဲ့သော ဆရာတော်ကြီးများ၏ စာရင်းကိုလည်း အနောက်နိုင်ငံ သံရုံးများက စတင်ပြုစုနေပြီ ဖြစ်သည်ဟု RAW မှ စုံစမ်း သိရှိရသည်။
ထိုအထဲတွင် သီတဂူဆရာတော်နှင့် ဝစီပိတ် ဆရာတော် ထိပ်ဆုံးတွင် ပါသည်ဟု RAW မှ စုံစမ်း သိရှိရသည်။
ထိုဆရာတော်များ၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု၊ သွေးစွန်း အာဏာရှင်များကို ချီးမြှောက်ခဲ့သည်များမှာ ဗုဒ္ဓဘာသာ၊ သာသနာတော်ကို မှေးမှိန်အောင်လုပ်ခြင်းသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ အဝှမ်းမှ ဗုဒ္ဓဘာသာဝင်များက စိတ်မကောင်း ဖြစ်ကြသလို၊ ထိုဆရာတော်၏ ဆွမ်းကိစ္စ အ၀၀ကို တာဝန်ယူခဲ့ကြသော ဆွမ်းဒကာ၊ ကျောင်းဒကာများလည်း ဝမ်းနည်းပက်လက် ဖြစ်ကြသည်ဟု သိရသည်။
အချို့ ဒကာ၊ ဒကာမများက ဆိုရှယ်မီဒီယာမှ ထိုဆရာတော်များကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြီး Social Punishment လုပ်နေပြီဖြစ်သလို၊ လုပ်သင့်သည်ဟုလည်း ဆိုချင်ပါသည်။
Zawgyi:
Unicode:
ဒေါက်တာဇော်ဝေစိုးကို Facebook မှာ တိုက်ခိုက်တဲ့ ဝန်ထမ်းကြောင့် တောင်းပန်လိုက်တဲ့ AA ဆေးထုတ်လုပ်ရေးကုမ္ပဏီ
CRPHက ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တို့ရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် ခေတ္တ ခန့်အပ်ခံရတဲ့ ဒေါက်တာဇော်ဝေစိုးကို Facebook မှာ စော်ကား တိုက်ခိုက်ရေးသားတဲ့ မပပသဒ္ဒါ ဆိုသူကြောင့် ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ AA Medicial Products Ltd ဟာ ပြန်လည်တောင်းပန်စာ ထုတ်ခဲ့ရပြီး ယင်းဝန်ထမ်းအားလည်း အရေးယူခဲ့သလို ကုမ္ပဏီအနေဖြင့် ဆေးပညာနယ်ပယ်မှ ဆရာကြီးများနဲ့ အတူ တသားတည်းရှိကြောင်း ရေးသားတောင်းပန်ခဲ့ပါတယ်။
Zawgyi:
Unicode:
မြန်မာ့အရေးနဲ့ ပတ်သက်ရင် အာဆီယံလည်း ဖာဆီယံ ဖြစ်ခဲ့လေပြီ
မြန်မာ့အရေးကို ဝေဖန်ပြောဆိုရာမှ ဘုံတူညီချက် မရလို့၊ ဟိုဟာဖြစ်လို့၊ ဒီဟာဖြစ်လို့ ဆိုပြီး အမြဲ ဆင်ခြေ၊ လက်ခြေတွေ များခဲ့တဲ့ ASEAN အဖွဲ့ကြီးကို ပြည်တွင်းက လူငယ်တွေက နာမည်အသစ် ပေးခဲ့ပါတယ်။
အာဆီယံအား ဖာဆီယံလို့ပဲ ခေါ်ကြမယ်လို့ RAW က သိရပါတယ်။
မြန်မာအစိုးရ ဗိုလ်ချုပ်တွေကို အမြဲလိုလို ဘက်လိုက်ပြီး ဖာထေး ပြောဆိုခဲ့တဲ့ အာဆီယံ နိုင်ငံတွေဟာ ဖာဆီယံဆိုတဲ့ နာမည်ပြောင်ကို CDM တွေကြားမှာ ထိုက်ထိုက် တန်တန်ပဲ ရခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာတော့ ဘုံသဘောတူညီချက် မရပေမယ့်လည်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက မြန်မာအာဏာသိမ်း စစ်ကောင်စီကို အသိအမှတ် မပြုကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်ပါတယ်။ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးတွေကလည်း ဒီလိုပဲ ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ပြီး မြန်မာပြည်သူ ပြည်သားတွေရဲ့ ဆန္ဒကို လေးစားဖို့ ပြောလိုက်ပါတယ်။
ဒီအစည်းအဝေးမှာ ထူးခြားတာကတော့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဝဏ္ဏမောင်လွင်ကို ခေါ်ယူစေချင်တဲ့ ရာထူးဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးလို့ ခေါ်ဆိုခဲ့ခြင်း မရှိခဲ့ဘူးလို့ RAW က စုံစမ်း သိရှိရပါတယ်။
Zawgyi:
ဒီ ဝစီပိတ်ကိုယ်တော်ဆိုသူဟာ ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့က သီလဓမ် မကုန်းသာ တောရကျောင်းတိုက် ဦးစီးပဓာန နာယက(ဝစီပိတ်)ဆရာတော် ဘဒ္ဒန္တကောဝိဒ ဆိုသူဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တြိဂံတိုင်း စစ်ဌာချုပ် တိုင်းမှူးဖြစ်စဉ် ဆရာအရင်း ဒကာအရင်းလို ဖြစ်ခဲ့ပါတယ်။
Unicode:
Facebook ပေါ်က ပျောက်သွားတဲ့ ခေတ်ကိုပြောင်းချင် ခေါင်းကိုပစ် ဝစီပိတ် ကိုယ်တော်
"ခေတ်ကို ပြောင်းချင်ရင် ခေါင်းကို ပစ်လို့ " သူ့ရဲ့ အလှူ့ဒကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အကြံပေးခဲ့တယ် ဆိုတဲ့ ဝစီပိတ်ကိုယ်တော်ဟာ အရင်က kovida.vasipake ဆိုတဲ့ အကောင့်နဲ့ ဖေစ်ဘွခ်သုံးခဲ့ပေမယ့် ဒီနေ ကနေ့မှာ တော့ သူနဲ့ ပတ်သက်ပြီး လူပြောများလာတဲ့ အတွက် ပိတ်ထားလိုက်ပါပြီ။
ဒီ ဝစီပိတ်ကိုယ်တော်ဆိုသူဟာ ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့က သီလဓမ္ မကုန်းသာ တောရကျောင်းတိုက် ဦးစီးပဓာန နာယက(ဝစီပိတ်)ဆရာတော် ဘဒ္ဒန္တကောဝိဒ ဆိုသူဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တြိဂံတိုင်း စစ်ဌာချုပ် တိုင်းမှူးဖြစ်စဉ် ဆရာအရင်း ဒကာအရင်းလို ဖြစ်ခဲ့ပါတယ်။
သူဟာ ဘုန်းတော်ကြီးတပါးလို သင်္ကန်းဝတ်ထားပေမယ့် လောကီအစီအမံတွေ ကို ပြုလုပ်တဲ့ ကိုယ်တော်ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူ့မိသားစု အရေးမှာ လောကီယတြာတွေကို ပေးလေ့ရှိတယ်လို့ သိရပါတယ်။
အခု အာဏာသိမ်းမှုမှာလည်း သူ့ရဲ့ အခါပေးမှုတွေ ပါတယ်ဆိုတာ လူတွေ ဖွင့်ချနေကြပါပြီ၊ အခုဆိုရင် သူနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ဇနီး ဒေါ်ကြူကြူလှနဲ့ ဖေစ်ဘွခ်မှာ ပြောဆိုထားတဲ့ စကားတွေပျံနှံနေပါပြီ။
သူဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပုဂံက ထီးလိုမင်းလို ဘုရားမှာ ထီးတင်ခိုင်းသလို၊ ရွှေဘိုမြို့က အောင်မြေကိုလည်း နင်းခိုင်းခဲ့သူဖြစ်ပါတယ်။
သူ့ရဲ့ လုပ်ရပ်ကို သိသူတဦးရဲ့ ဖွင့်ချချက်အရ သူဟာ ကျောင်းမှာဒေါင်း အရှင်တွေကို ခြင်းတာင်းနဲ့ အုပ် လှောင်ကာ ယတြာ ချေခဲ့ပါတယ်။
အာဏာကို လက်နက်ဖြင့် လုကာ ယူချင်သူတဦးကို နောက်ကွယ်မှနေပြီး အခါ ပေးကာ အာဏာသိမ်းခိုင်းတဲ့အတွက် အာဏာသိမ်းပြီး တလပြည်တဲ့ နေ့အထိ သေဆုံးလူပေါင်း ၃၀ခန့်ရှိခဲ့ပါပြီ၊ ဒီလို လူသတ်ရာမှာ အားပေးအားမြှောက် လုပ်ခဲ့သူတဦးအနေနဲ့ ဘာသာရေးအရ နောင်ဘဝမှာတော့ ဘယ်နေရာကို လားမယ်ဆိုတာ တိတိကျကျ မပြောနိုင်ပေမယ့် လတ်တလောမှာတော့ ဝိုင်းဝန်းဝေဖန်မှုများကြောင့် Facebook ကို ပိတ်ကာ ထားရပြီး၊ လူမှုရေး ဖယ်ကြဉ်မှုတွေကို နောင်မှာ မလွဲ မသွေခံစားရမှာဖြစ်ပါတယ်။
Zawgyi:
Unicode:
ပြည်သူ့ ပစ္စည်း၊ မိမိရိက္ခာဟု သဘောထားနေရသည့် ရဲတပ်ဖွဲ့ ဝင်များ
နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် စသည့် မြို့ကြီးများနှင့် နိုင်ငံအနှံ ဖြစ်ပွားနေသည် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုများကို ဖြိုခွဲရန် စစ်တပ်နှင့် အတူ ရဲတပ်ရင်းများကို သုံးနေသည်။
ထိုသို့ အသုံးပြုနေသော်လည်း စစ်ကောင်စီသည် ၎င်း ရဲတပ်သားများအတွက် ရိက္ခာအလုံအလောက် စီမံထားပုံမရပေ။
ဆန္ဒပြမှုများကို ကိုင်တွယ်ရန် ရုတ်တရက် ယင်းရဲတပ်ရင်းများကို ခေါ်ယူ အသုံးချခဲ့ပုံရသည်၊ ထိုသူများမှာ နေ့စဉ်စားရန် ရိက္ခာ မပြောနှင့် ရေကိုပင် ဆန္ဒပြသူများ ရှောင်တိမ်းစဉ် ကျန်ခဲ့သည့် ရေဗူးများကို အလုအယက် ယူငင် သောက်သုံးနေရသည်ကို ဓာတ်ပုံများက ဖော်ပြနေသည်။
အလားတူ ယမန်နေ့ညပိုင်း တာမွေမြို့နယ် အောင်မင်္ဂလာတွင် ဖြစ်ပွားသည့် အဖြစ်အပျက်တွင်လည်း ရဲများလာသည်မြင်၍ ရှောင်ထွက်သွားစဉ် ကျန်ရစ်သည် ပလတာများကို ယူဆောင်သွားခြင်း၊ မကြာသေးမီ ရက်များက ကိုရီယားသံရုံးရှေ့တွင် ဆန္ဒပြသူများ ကျန်ခဲ့သည့် ထမင်းဗူးများကို အလုအယက် စားသောက်နေရသည့် ရဲတပ်သားများ၏ အဖြစ်မှာ ရင်နင့်စရာပင်ဖြစ်သည်။
သူတို့သည်လည်း ပြည်သူထဲက ပြည်သူပင်ဖြစ်သော်လည်း အာဏာရှင်၏ အနှောင်အဖွဲ့မှ ရုန်းမထွက်နိုင်သည့် သူများဖြစ်နေသည်။
သူတို့၏ အဖြစ်က ဆုတ်စူး စားရူးသကဲ့သို့ပင် ဖြစ်နေသည်၊ ရန်ကုန်မြို့ရှိ ဆိုင်အများစုက ရဲနှင့် စစ်သားကို ဈေးမရောင်းသဖြင့် စားသောက်ရခက်နေ သည်မှာ လက်တွေ့ဖြစ်သည်။
သူတို့သည် နေမအိပ်ရ ညမအိပ်ရ ကြားမှ ပြည်သူကို ရင်ဆိုင်နေရသလို ပြည်သူ၏ ဆန့်ကျင်မှုကို ခံနေရသဖြင့် ကြာလျှင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိလာမည်မှာ မလွဲမသွေပင်ဖြစ်သည်။
Zawgyi:
Unicode: 
ပြည်သူကို ဖားရှာ ငါးရှာ စားဖို့ လမ်းညွှန်လိုက်တာလား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
The RAW
၂၀၂၁ ဖေဖေါ်ဝါရီ ၁ရက်တွင် အာဏာသိမ်းခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းပြည်ကို နောက်သို့ (၁၉၈၈ နှစ်လွန်ကာလများသို့) ပြန်၍ ဆွဲခေါ်နေသည်မှာ ထင်ရှားသည်။
အဘယ်ကြောင့် ဆိုသော် မနေ့ ဖေဖေါ်ဝါရီ ၂၅ ရက်က စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးတွင်
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စားနပ်ရိက္ခာပေါဖို့ ငါးမွေးရမယ်၊ စိုက်ပျိုးရေ သောက်သုံးရေ ရဖို ချောင်းမြောင်းပိတ်ရမယ်ဆိုပြီး လမ်းညွှန်ခဲ့သည့် အချက်က ၎င်း၏ တိုင်းပြည်စီးပွားရေးအပေါ် စစ်ကောင်စီ၏ အကြံဉာဏ်မဲ့နေမှုကို အထင်အရှား ပြသနေခြင်းဖြစ်သည်။
အလားတူ လူထုကို ဖားရှာ ငါးရှာ စားစေမည့် ဤစကားက ၁၉၈၈ တိုင်းပြည်ကို အာဏာသိမ်းခဲ့သည့် စစ်ဗိုလ်ချုပ်ကြီးများ၏ အကြံဉာဏ်နှင့် ထပ်တူကျနေပြီး၊ ပြည်တွင်း ဆန့်ကျင်မှုများ၊ နိုင်ငံတကာ၏ ထောက်ခံမှု မရသောကြောင့် အတွေးအခေါ် ချွတ်ချုံကျနေသည့် စစ်ခေါင်းဆောင်တို့၏ လက္ခဏာလည်း သရုပ်ပေါ်နေသည်။
သူ၏ စစ်ကောင်စီမှ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့သည့် ဦးကိုကိုလှိုင်မှာ နာဂစ်ကာလက ပြည်သူကို ဖားရှာ ငါးရှာ စားဖို့ ပြောဆိုခဲသူဖြစ်ပြီး သမ္မတ ဦးသိန်းစိန်လက်ထက်တွင်လည်း ဖယောင်းကိုကိုလှိုင်ဟု လူသိများသူဖြစ်သည်။
ထိုသို့သော သူများနှင့် ဖွဲ့စည်းထားသည့် စစ်ကောင်စီ၏ စီမံခန့်ခွဲမှုမှာ ပြေးကြည့်စရာမလို တွေးကြည့်ရုံနှင့်ပင် သိသာနေပြီဖြစ်သည်။
၁၉၈၈ အာဏာသိမ်း စစ်အစိုးရသည်လည်း အာဏာသိမ်းပြီးနောက် ငွေကြေးတစုံတရာ မရှိသဖြင့် သစ်တော သံယံဇာတကို ထိုင်းနိုင်ငံအား ရောင်းစားဖြေရှင်းခဲ့ရသလို ဂျပန်နိုင်ငံရှိ မြန်မာသံရုံးပိုင်မြေကို ရောင်းစားကာ အသက်ဆက်ခဲ့ရသည်မှာ ထင်ရှားသည်။
ယခုလည်း လျှပ်စစ်မှ ကျန်းမာရေးကဏ္ဍအထိ ဖွံ့ဖြိုးရေးအတွက် ကူညီနေသည့် ကမ္ဘာဘဏ်က အာဏာသိမ်း စစ်ကောင်စီကြောင့် ငွေကြေးပေးအပ်မှုကို ဆိုင်းငံ့မည်ဟု သိရပြီး၊ မြန်မာအား ပုံအော ကူညီနေသည့် ဂျပန်လည်း အကူအညီပေးမှုကို ပြန်လည်စိစစ်နေပြီဖြစ်သည်။
ထိုသို့ ကူညီမှုများ ရပ်ဆိုင်းမည်ဆိုပါက စစ်ကောင်စီ မည်သို့ ရပ်တည်မည်နည်း၊ တွေးစရာဖြစ်သည်၊ ၁၉၈၈ မှ ၂၀၁၀ အထိ တိုင်းပြည်ကို မွဲပြာကျအောင် အုပ်ချုပ်ခဲ့သည့် နဝတ နအဖ လမ်းစဉ်အတိုင်း ကျန်နေသည့် သံယံဇာတနှင့် တိုင်းပြည်ကို ဆွေမျိုးပေါက်ဖော်အား ရောင်းစားမည့် လမ်းကို လိုက်မည်ဆိုသည်မှာ မလွဲမသေပင်ဖြစ်ကြောင်း The RAW မှ သုံးသပ်လိုက်ပါသည်။
Zawgyi:
အာဏာသိမ်းခြင်းတွင် အင်မတန် မွေ့လျော်သည့် ထိုင်းနိုင်ငံကို နမူနာယူကာ အာဏာလွှဲပြောင်းရယူသည်ဟု အမည်တပ်ကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအကြား  အပျော့စား အာဏာသိမ်းမည်ဟု စိတ်ကူးယဉ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုအခါ လူထု၏ ဆန့်ကျင်မှုကို ပြင်းပြင်းထန်ထန် ရနေရသည်။
Unicode:
တပ်မတော်ထဲမှာ လူကြိုက်များတဲ့ ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း
အာဏာသိမ်းကောင်စီ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် နိုင်ငံရေးအာဏာကို လိုချင်သူ၊ သမတ ဖြစ်ချင်သူ ကိုယ်ကျိုးစီးပွားကို ကာကွယ်သူ ဟု အများက သိခဲ့ကြသည်။
သူ့တွင် မိသားစု စီးပွားရေး အကျိုးစီးပွားလည်း ရှိသလို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် မိသားစုမှ စီးပွားရေး သောင်းကျန်းမှုများ၊ အဂတိလိုက်စား မှုများအကြောင်းကို ကမ္ဘာ့ မီဒီယာများတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။
စိတ်ဓာတ်အရလည်း သူသည် ကြောင်ချေးဖြစ်ကြောင်းကို သူနှင့် တပတ်စဉ် ထဲဖြစ်သည့် စစ်တက္ကသိုလ် ကျောင်းဆင်းဘက်များက သိကြသလို၊ သူနှင့်အတူ တပ်ရင်းတခုထဲ၊ တပ်မတခုထဲ၊ တိုင်းအတွင်အတူ အထက်အောက် တာဝန်ယူခဲ့ သူများလည်း သိကြသည်။
သို့သော် သူ၏လက်ထောက် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ တပ်မတော်၏ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်ကတော့ အနေအထိုင် ရိုးစင်းသည်။ အဂတိ လိုက်စားမှု ကင်းသည် စစ်ဆင်ရေးများတွင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြတ်သား သလောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ တွန့်ဆုတ်လေ့ရှိကြောင်း ဟု The RAW မှ စုံစမ်း သိရှိရသည်။
ထို့ကြောင့်လည်း တပ်မတော်ထဲမှာ ဗိုလ်ချုပ်ကြီး စိုးဝင်းကို ထောက်ခံသူ အုပ်စု ရှိသည်။ ထိုအုပ်စုကြောင့်ပင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ ဗိုလ်ချုပ်ကြီး စိုးဝင်းကို မဖြုတ်ရဲပဲ ဒုချုပ်နေရာမှာပဲ ဆက်ထားခဲ့ရသည်။
တကယ်တော့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ဒုချုပ် စိုးဝင်းကို ရာထူးမှ ချပြီး သူ၏ ငယ်မွေး ခြံပေါက် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ပေးချင်ပုံရသည်။ ဒီလို လေသံပစ်တာကို ဒုချုပ် စိုးဝင်း အုပ်စုက လက်မခံတော့ မင်းအောင်လှိုင် အသာ ပြန်လျှိူနေရသည်။
တပ်မတော်ထဲမှာ အမှန်တရားကို သိသူတွေ၊ ဓမ္မနဲ့ အဓမ္မကို နားလည်သူတွေ အများအပြား ရှိပါသည်။ အာဏာ သိမ်းခြင်းကို လက်မခံနိုင်သော အရာရှိ စစ်သည်များနှင့် ထိပ်ပိုင်း ဗိုလ်ချုပ်များလည်း ရှိသည်။
ထို့အပြင် ပြည်သူလူထုနှင့် လူငယ်ထုသည် တပ်မတော်ကို လမ်းကြောင်းမှန်ပေါ် ရောက်အောင် တွန်းတင် ပေးနေတာကိုလည်း သိသူတွေ ရှိပါသည်။
အာဏာသိမ်းခြင်းတွင် အင်မတန် မွေ့လျော်သည့် ထိုင်းနိုင်ငံကို နမူနာယူကာ အာဏာလွှဲပြောင်းရယူူသည်ဟု အမည်တပ်ကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအကြား အပျော့စား အာဏာသိမ်းမည်ဟု စိတ်ကူးယဉ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုအခါ လူထု၏ ဆန့်ကျင်မှုကို ပြင်းပြင်းထန်ထန် ရနေရသည်။
အာဏာသိမ်းတာတောင် ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်ကြီး စောမောင်တို့နှင့် မတူပဲ ချာတူးလန်အောင် ညံ့သော အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ၏ နောက်ဆုံး နေ့ရက်များ ရေတွက်ရနေပြီဟု ဆိုရမည်။